အတတ်နိုင်ဆုံး ရှာဖွေပေးခဲ့ပေမယ့်
စိတ်မကောင်းစွာနဲ့ပဲ ကယန်းလထရဲ့ ၀တ်စားဆင်ယင်မှုသမိုင်းကို ရှာမတွေ့ခဲ့ပါဘူး။
ကျန်တဲ့လူမျိုး(၈)မျိုးကတော့ ရှိတဲ့အတွက် တင်ပေးလိုက်ပါတယ်။ ကယားပြည်နယ်ရဲ့ ရိုးရာအမွေအနှစ်တွေကို မြန်မာတစ်နိုင်ငံလုံးသာမကဘဲ တစ်ကမ္ဘာလုံးသိအောင်
ရည်ရွယ်ပါတယ်။
ကယား
ကယား
ရှေးယခင်က
ယောက်ျားများဆံထုံး ထုံး၍ အဖြူရောင်ခေါင်းပေါင်း ပေါင်းသည်။ အနီရောင် ဘောင်းဘီတိုနှင့်
အင်္ကျီအဖြူရောင်အနီကွက် ရှေ့ကွဲနောက်ကွဲကို ၀တ်ကြသည်။ အ၀တ်အထည် များမှာ ဂျပ်ခုတ်ထည်များဖြစ်သည်။
နားပေါက်ဖောက်ပြီး နားဆွဲအချွန်များ ဆွဲထားသည်။
အမျိုးသမီးများသည် ဆံထုံး ထုံး၍ အနီရောင်ပုဝါပေါင်းသည်။ လုံချည်မှာ
အနီရောင်ဖြစ်ပြီး ဒူးဆစ်အထက်နားအထိရှည်သည်။ ဒူးဆစ်တစ်ဘက်စီတွင် ချည်ကိုသစ်စေးသုတ်ထားသည့်
(ကဘု) ခေါ် ချည်ခွေကို ၀တ်ဆင်ထားပါသည်။ ချည်ခွေ၏ အလေးချိန်မှာ (၅၀)ကျပ်သားမှ တစ်ပိဿာအထိ
လေးပါသည်။ အင်္ကျီအဖြစ် ခြံထည်ကိုညာသိုင်းပြီး လုံချည်အပေါ်အထိ ဖုံး၍ ခြုံထားပါသည်။ ခြုံထည်မှာအနက်ရောင်ဖြစ်ပါသည်။
ခါးတွင် အဖြူရောင်ခါးစည်း စည်းထားပါသည်။ ခါးစည်းမှာ (၅)ပေ ရှည်ပါသည်။ အပေါ်ဆုံးတွင်
အနီရောင်ခြုံထည် လွှမ်းခြုံထားပါသည်။ နားတွင် ငွေနားတောင်း၊ ငွေနားဆွဲချွန်များကို ဆွဲထားပြီး
လက်တွင် ငွေလက်ကောက်များ တစ်ကွင်းမှ သုံးကွင်းအထိ ၀တ်ဆင် ထားပါသည်။ လည်တွင် ငွေဒင်္ဂါးများကို
ကြိုးသီပြီး ဆွဲထားပါသည်။ ခြေကျင်းတွင် ပုတီးစေ့များကို ကြိုးစီတန်း၍ ကုံးပက်ထားပါသည်။
ဂေခို
ယောက်ျားများ
ရှေ့ကွဲနောက်ကွဲအဖြူရောင်သင်တိုင်းများကို ၀တ်ကြသည်။ ဆံထုံး ထုံး၍ ခေါင်းပေါင်း ပေါင်းသည်။
ဘောင်းဘီမှာအဖြူရောင်ဖြစ်သည်။ အမျိုးသမီးများ ဆံပင်ရှည်နောက်ဆံထုံးပြီး (၄)ထောင့်ပုဝါကို
ထောင့်စွန်းနှစ်ဘက်မှဆွဲကာ ငယ်ထိပ်မှ မေးစေ့သို့ချထားသည်။ အဖြူရောင်သင်တိုင်းနှင့်
အနီခံ၍ အနက်ရောင်ဖြင့် ဖောက်ထားသော ထမီကို ၀တ်ကြသည်။ ဖားစည်ပုံရှိသော နားတောင်းကို
ပန်ပြီး ငွေပြားကို သီ၍ ဆွဲထားကြသည်။ လက်တွင် ငွေလက်ကောက်များ ၀တ်ဆင်ထားကြသည်။
ကယန်း(ပဒေါင်)
ရှေးအခါက
ယောက်ျားများသည် ဆံထုံး ထုံးပြီး ခေါင်းပေါင်းအဖြူရောင်ကို ပေါင်းပါသည်။ အဖြူရောင်
ဘောင်းဘီတိုနှင့် အင်္ကျီအဖြူရောင်ရှေ့ကွဲနောက်ကွဲသင်တိုင်းကို ၀တ်ဆင်ထားပါသည်။ ပွဲလမ်းသဘင်
သွားသည့်အခါ ခါးတွင် ငွေဒါးမြှောင်၊ ငွေဒါးလွယ် လွယ်ထားပါသည်။ နားဖောက်ပြီး နားဆွဲချွန်
ဆွဲထားပါသည်။
မိန်းမများ
ဦးခေါင်းထိပ်တွင် ဆံထုံး ထုံးပြီး ၀ါးဘီးကြီးတစ်ခုနှင့် ၀ါးဘီးငယ်တစ်ခုကို စိုက်ထားပါသည်။
ဒူးဆစ်အထိရှည်သော အနက်တစ်ပိုင်းနှင့် အနီရောင်တစ်ပိုင် ထမီကို ၀တ်ပါသည်။ အင်္ကျီမှာ အဖြူရောင်ဖြစ်ပြီး
ရှေ့ကွဲနောက်ကွဲသင်တိုင်းဖြစ်သည်။ လည်ပင်းတွင် ကြေးခွေများကို စွပ်ထား ပါသည်။ ကြေးခွေ၏အောက်ပိုင်း
လည်ဂုတ်တွင် ကြေးခွေကလေးများကို အထိန်းသဘောဒေါက်လိုက်
စွပ်ထားပါသည်။ ဒူးအောက်ပိုင်းနှင့် ခြေသလုံးတို့တွင် ကြေးခွေများ စွပ်ထားပါသည်။ နားပေါက်ကျယ်ကျယ်ထားပြီး
ငွေနားဆွဲများ၊ နားတောင်းများ ၀တ်ဆင်ကြသည်။ လည်တွင် ငွေပြားများကိုသီ၍ ဆွဲထားပါသည်။
ခေါင်းဆောင်အဖြူရောင်ကို ပေါင်းထားပြီး ဆံထုံးကို ငွေဆံထုံးဖြင့် ထိုးထားပါသည်။
ယင်းဘော်
ယောက်ျားများ အနက်ရောင်ဘောင်းဘီတို၊ အင်္ကျီအဖြူရောင်
ရှေ့ကွဲကို ၀တ်ဆင်သည်။ ဆံထုံး ထုံးပြီး ခေါင်းပေါင်းအဖြူရောင်ကို ပေါင်းထားသည်။
နားဖောက်၍ နားဆွဲချွန်ဆွဲထားပါသည်။ ဒူးဆစ် အောက်ပိုင်းတွင် သစ်စေးအမဲရောင်သုတ်ထားသည့်
ချည်အမဲကိုပတ်ထားသည်။ ကြွေစေ့များကို ခေါင်းပတ်နဖူးတစ်ဝိုက်တွင် သီဆွဲထားသည်။
လည်ပင်းတွင် ကြွေပုတီးများကို အဆင့်ဆင့်စွပ်ထားသည်။
မိန်းမများ အနက်ရောင်ထမီကိုဝတ်ပြီး
သစ်စေးသုတ်ကြိုးခွေကို ဒူးဆစ်အောက်တွင် ပတ်ထားသည်။ ခါးတွင် ပုဝါအဖြူရောင်စည်းပြီး
အစကို ဒူးအထိချထားသည်။ အင်္ကီလက်ရှည် အနက်ရောင်ဝတ်ပြီး
ခြုံထည်အနက်ရောင်လွှမ်းခြုံထားသည်။ ယောက်ျားများကဲ့သို့ ခေါင်းပေါင်း ပေါင်းပြီး
နဖူးတစ်ဝိုက်တွင် ကြွေစေ့များ သီဆွဲထားသည်။ ငွေပြားလည်ဆွဲကို သီဆွဲထားပါသည်။
လက်တွင် ငွေလက်ကောက်များ ၀တ်ထားသည်။ နားပေါက်ဖောက်၍ ငွေနားတောင်း၊ နားဆွဲများ
ပန်ဆင်ကြသည်။ ခါးတွင် ကြွေစေ့များကို သီ၍ ခါးပတ်ကြသည်။
ကယန်းလထ
မိုနူ
ယောက်ျားများနှင့် အမျိုးသမီးများ
ဝတ်စားဆင်ယင်မှုများ ကယားလူမျိုးစုနှင့် ဆင်တူပါသည် ထူးခြားချက်တစ်ရပ်မှာ
ကယားလူမျိုးစုတို့က အနီရောင်ကိုဝတ်ဆင်ပြီး၊ မိုနူလူမျိုးစုသည် အနက်ရောက်ကို
ဝတ်ဆင်ပါသည်။ မိုနူအမျိုးသမီးများသည် ခေါင်းစည်းအနက်၊ ခြုံထည်အနက်၊
အတွင်းခံအင်္ကျီအနက်နှင့် အနက်ရောင်ထမီတိုကို ၀တ်ဆင်ကြသည်။ ခါးတွင် ခါးစည်းမှာ
အဖြူရောင် ဖြစ်သည်။ ဒူးဆစ်တွင်လည်း အမျိုးသမီးကဲ့သို့ ချည်ခွေစွပ်ထားပါသည်။
ငွေလက်ကောက်၊ ငွေနားတောင်းကို ၀တ်ဆင်ထားကြသည်။ လည်တွင် ငွေပြားများနှင့်
လခြမ်းသဏ္ဍာန် ငွေပြားကို သီကုံးပြီး ဆွဲထားကြသည်။
ကယော
ယောက်ျားများဦးထိပ်တွင်
ဆံထုံး ထုံးပြီး ခေါင်းပေါင်းအနီရောင် ပေါင်းထားသည်။ အနီခံပြီး
အနက်ရောင်ဖောက်ထားသည့် ဘောင်းဘီတိုကို ၀တ်ဆင်ကြသည်။
အမျိုးသမီးများသည် အနက်ရောက် ထမီကိုဝတ်ဆင်ကြသည်။
အနီခံ၍ အနက်ရောင် ဖောက်ထားသည့် အကျီဝတ်ကြသည်။ လည်ပင်းတွင် ကြေးခွေ၊ ပုတီး၊
လခြမ်းသဏ္ဍာန် လည်ဆွဲ ဆင်ယင်ကြသည်။ နားတွင် နားဆွဲများ၊ ငွေကွင်းများ ဆင်ထားကြသည်။
လက်တွင် ငွေလက်ကောက် ၀တ်ဆင်ပြီး ဒူးဆစ်အောက်ပိုင်းတွင် ကြေးခွေစွပ်ထားကြသည်။
ဆံထုံး ထုံးပြီး ၀ါးဘီးဖြင့် စိုက်ထားသည်။
ယင်းတလဲ
ယောက်ျားများ ဘောင်ဘီဖြူနှင့် ရှပ်အင်္ကျီကို
ဝတ်ထားကြသည်။ ပန်းရောင် ခေါင်းပေါင်း ပေါင်းကြသည်။
အမျိုးသမီးများသည် အင်္ကျီအဖြူရောင်ဝတ်ပြီး
အစိမ်းဖောက်နှင့် ထမီအနီရောင်ခံပြီး အစိမ်းဖောက်သည်ကို ၀တ်ဆင်သည်။ ငွေပြာမျးားကို
သီပြီး ဘယ်ညာစလွယ်သိုင်းပြီး ဆင်ယင်ကြသည်။
ဂေဘား
ယောက်ျားများ သင်တိုင်းအဖြူရောင်နှင့်
အနက်ရောင်ဘောင်းဘီကို ၀တ်ဆင်ကြသည်။ နားပေါက် ဖောက်ပြီး ယောင်ထုံးသည်။
ဝါးဘီအငယ်ထည့်၍ ထုံးကြသည်။ ခေါင်းပေါင်း ပေါင်းကြသည်။
မိန်းမများ အနီရောင်ခံပြီး အစိမ်းဖောက်သည့်ထမီ၊
သင်တိုင်းအဖြူရောင်ကို ၀တ်ဆင်ကြသည်။ ပုဝါကို ဆံထုံတွင် ပတ်ထားကြသည်။ ပယင်းပုတီး၊
ငွေပြားများကို သီဆွဲကြသည်။
S.Htoowai
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment